Wednesday, December 31, 2008

Party Chat

Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat2@gmail.com ကို invite လုပ်ပါ။ (partychat4, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ partychat2@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat2@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
From this link

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home