Wednesday, September 10, 2008

Will power

"will power ဆိုတာ အဓိဋ္ဌာန်ခိုင်မာတာကို ပြောတာ၊ ဘယ်အလုပ်တစ်ခုကိုတော့ဖြင့် ငါလုပ်မယ်လို့ ဆုံးဖြတ်ထားရင် အဲဒါကိုပြီးမြောက်တဲ့အထိ လုပ်တာ will power ပဲ။ အဲဒီ will power မျိုးတော့ ငါ့မှာရှိတယ် ၊ငါ့ကိုယ်ငါ တာဝန်တစ်ခု အပ်နှင်းထားမယ်ဆိုပါတော့၊ အသေးအမွှားကိစ္စလို့ ငါသဘောမထားဘူး၊ ပြီးစီးအောင် လုပ်တယ်၊ ဘာကြောင့်လဲဆိုတော့အသေးအမွှားကိုမှပြီးစီးအောင်မလုပ်နိုင်ရင်အကြီးအမားကိစ္စ မှာငါ့ကိုငါ ဘယ်မှာယုံကြည်စိတ်ချ နိုင်ပါတော့မလဲ၊ ဥပမာ ဆိုပါစို့ ငါ့အိမ်ကနေ မြို့ ထဲသွားတဲ့အခါ လမ်းမှာတံတားတစ်ခု ဖြတ်ရတယ်၊ ဒီတံတားကို ဖြတ်တိုင်းမှာရေထဲကိုကျောက်တုံးတစ်လုံးစီ ရက်တစ်ရာတိတိ ချမယ်လို့ ငါဘာသာ အဓိဋ္ဌာန်ပြုထားတယ်ဆိုရင် ဒီတံတားကိုဖြတ်တိုင်းမှာကျောက်ခဲ တစ်လုံးတော့ ငါချတယ်၊ ခုနစ်ရက်မြောက်နေ့ မှာအမှတ်မဲ့ကျော်သွားမီတယ်ဆိုပါတော့ ၊ဟာ နောက်နေ့မှပဲ နှစ်လုံးချတော့မယ်ဆိုပြီးဆက်မသွားဘူး၊ ပြန်လှည့်လာပြီး ကျောက်ခဲတစ်လုံးချမယ်၊ ရက်နှစ်ဆယ်လောက်ရောက်တဲ့အခါ ၊ အာခတ်ရာ ဘာမှအဓိပ္ပါယ် မရှိပါဘူးကွာ၊ လုပ်မနေပါနဲ့၊ တစ်ရာသိပ်ပြည့်ချင်ရင်လည်း အဆုပ်လိုက်သာပစ်ချလိုက်စမ်းပါဆိုတဲ့အတွေးမျိုးဝင်
မယ်ဆိုပါတော့၊ မရဘူး ငါလက်မခံဘူး၊ တစ်နေ့တစ်လုံးရက်ပေါင်းတစ်ရာအထိ ချမယ်လို့ ငါကိုယ်ငါ ကတိပေး ထားပြီးရင် တစ်နေ့တစ်လုံးရက်ပေါင်းတစ်ရာပဲ၊ သို့သော် တစ်ခုတော့ရှိတယ်၊ ကိုယ်သတ်မှတ်ထားတဲ့ကိစ္စကို ပြီးအောင် လုပ်ချင်သူဖြစ်တဲ့အတွက်ကိုယ့်ကိုကိုယ် သိပ်ခက်ခဲပင်ပန်းတဲ့ အလုပ်တွေ၊ လက်တွေ့မဖြစ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ ခိုင်းလေ့မရှိဘူး၊ ငါကလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရတာကိုနှစ်သက်သေးတာ ကိုး၊ ၊
ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home