Friday, September 5, 2008

ဘဝ

ကဲ ငါတို့ဘ၀က ဒီလိုနဲ့ပဲ အဆုံးသတ်တော့မှာလား..ခုထိကိုဘာမှဖြစ်မလာသေးဘူး..တနေ့တနေ့ အကျိုးရှိစွာ ကုန်ဆုံးဖို့ကိုတော့ ပြောထားကြတာပဲ...ဆရာတော်တွေက လဲဆုံးမကြပါတယ်...မင်းတို့ နေ့တနေ့ ကုန်ဆုံးသွားတဲ့အချိန်မှာ ( ညဘက်မှာ ) ကိုယ့်နဖူးပေါ် ကိုလက်တင်ပြီး စဉ်းစားကြည့် ..တစ်နေ့အချိန် ကုန်သွားတဲ့ အတွက်မင်းအသက်လဲ ၁ နှစ်ပိုကြီးသွားပြီ..နောက် အချိန်လဲ ၁ ရက်ကုန်သွားပြီ...(အဲဒီ အချိန်ကတော့ ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူး) ဒီ ၁ ရက် ရင်းလိုက်ရတဲ့အတွက် မင်းမှာဘာတွေထူးခြားလာသလဲ....အချိန် ၁ ရက်ဆိုတာနဲနဲ နောနော မဟုတ်ဘူးနော်...၂၄ နာရီရှိတယ်... ၂၄*၆၀=၁၄၄၀ မိနစ် ရှိတယ်...ဒီလောက် အချိန်ကြီးမှာ မင်းဘာတွေလုပ်ခဲ့သလဲ...ပြောကြတာကတော့ ၁။ ပညာရလား ၂။ပစ္စည်းရလား ၃၊တရားရလားတဲ့.. .ကိုယ်ကိုကိုယ်မေးကြည့်ကြပါ... ငါကတော့ ဆက်ပြောမယ် .. အဲဒီမှာ အရေးကြီးတာတွေရှိသေးတယ်.ပျော်ရွင်မှု (သူတပါးအားပျော်ရွင်စေမှုနဲ့ ကိုယ်ကိုကိုယ်ပျော်အောင်ထားမှု )..ကူညီပေးမှု ... (ပြန်လည်မမျှော်လင့်သော သူတပါးအားကူညီမှု) ဒါတွေဟာ ဒီလောကကြီးမှာရှိသင့် ပါတယ်...နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အခါမှာ ဒါလေးတွေကိုပြန် စဉ်းစားရုံနဲ့ ရတဲ့ ပီတိဟာအလွန်ခံစားလို့ကောင်ပါတယ်..ကိုယ်ကူညီလိုက်လို့ ...ကိုယ် ပါဝင်ပတ်သက်လိုက်လို့...(ကိုယ့်ကြောင့်) သူများပျော်သွားရင်ဖြစ်ဖြစ် ..အဆင်ပြေသွားရင်ဖြစ်ဖြစ်..အရမ်းကောင်းပါတယ်..အော် ..ဒါက စိတ်ခံစားမှုနဲ့ပတ်သက်တာပါ...ကိုယ်ဘ၀အောင်မြင်ဖို့ကတော့...ဟို ၃ ခုကလိုပါတယ်...ဒါပေမယ့် ဘ၀ဟာအောင်မြင်ရုံနဲ့ မဖြစ်သေးပါဘူး..ပျော်ရွင်ဖို့လဲ လိုပါတယ်...ကျွန်တော်ကတော့..မအောင်မြင်လဲနေပါစေ. ..(အသင့်အတင့်တော့ရှိရမှာပေါ့..မဟုတ်ဘူးလား .)..ပျော်ရွှင်မှုကို ပိုလိုလားပါတယ်...အောင်မြင်ပြီး(ချမ်းသာပြီး) စိတ်ညစ်နေရမယ့် အတူတူ..တော့ ဒါကကောင်းပါတယ်..

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home